သင်ခန်းစာအကြောင်း

 AA Japan Tokutei ဟာဆိုရင်ထိရောက်တဲ့သင်ရိုး၊ ထိရောက်တဲ့သင်ကြားမှုစနစ်၊ Videoနဲ့အသံပိုင်း ဆိုင်ရာ Qualityကိုပါ ၁၀၀% အလေးပေးဖန်တီးထားတာဖြစ်အတွက်ကြောင့်လာရောက်လေ့လာ သူများအတွက်သေချာပေါက်စာမေးပွဲကိုလွယ်ကူအောင်မြင်စွာဖြေဆိုနိုင်ရန်နဲ့လုပ်ငန်းခွင်မှာလက်တွေ့အသုံးချနိုင်ရန်ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ပါတယ်။

ဒီသင်ခန်းစာကို သင်ယူချင်းအားဖြင့်

  1. .ဘာသာရပ်တစ်ခုကိုအချိန်တစ်လလေးပဲပေးရုံဖြင့်ထိရောက်စွာလေ့လာနိုင်မယ်။
  2. လွယ်ကူစွာလျှင်မြန်စွာမှတ်သားနိုင်မယ်။
  3. ဘယ်နေရာ၊ဘယ်ဒေသကမဆို ဖုန်းတစ်လုံးရှိရုံဖြင့် သင်ယူနိုင်မယ်။
  4. လက်ရှိရောက်ရှိနေတဲ့နယ်ပယ်ကနေ စိတ်၀င်စားတဲ့အခြားနယ်ပယ်တစ်ခုကိုပြောင်းလဲချင်တဲ့သူတွေအတွက် အခွင့်ရေးကောင်းတစ်ခုဖြစ်နိုင်မယ်။ 


Check Our Promotion Video


ကြုံတွေ့နေရတဲပြသနာများ

တော်တော်များများကြုံတွေ့နေရတဲ့ပြသနာများ


တိုခုတေးဘာသာရပ်တွေလေ့လာပီး အောင်လက်မှတ်ယူထားချင်ပေမယ့် ဘယ်ကနေစလေ့လာမသိဖြစ်နေခြင်း၊

 Self-studyလုပ်နေပေမယ့် Website တွေမှာတစ်စုတစ်စည်းထည်းလေ့လာဖို့က တစ်ကယ်ကိုမရှိသလောက်ရှားပါး နေခြင်း၊

ထိရောက်တဲ့သင်ကြားမှု့တွေမရှိတဲ့အတွက် စာမေးပွဲဖြေနိုင်တဲ့အထိ လေ့လာဖို့ဆို အချိန်အရမ်းပေးနေရခြင်း စတဲ့ပြသနာတွေကို ကြုံတွေ့နေရပါတယ်။

ဘယ်လိုဖြေရှင်းရမလဲ?

ဒီလိုမျိုးပြသနာတွေကို ကျနော်တို့ AA Japan Tokutei က တစ်နေရာထည်းနဲ့ဖြေရှင်းပေးနိုင်ပါတယ်။

ဘာသာရပ်တစ်ခုချင်းစီကို တစ်နေရာထည်းမှာ တစ်စုတစ်စည်းထည်းလေ့လာနိုင်ပါမည်။

တစ်ကယ်အရေးကြီးတဲ့ အပိုင်းတွေကို တစ်ခါကြည့်ယုံဖြင့် မှတ်သားရလွယ်ကူအောင် ဥပမာများနှင့်တကွ ထည့်သွင်းရှင်းပြပေးထားတာကြောင့် အချိန်တစ်လပေးရုံဖြင့် စာမေးပွဲကို လွယ်ကူလျှင်မြန်စွာ ဖြေဆိုနိုင်သည်အထိ မှတ်သားနိုင်မှာဖြစ်ပါတယ်။



ဒီသင်ခန်းစာမှာ သင်ယူခြင်းအားဖြင့်ရှိလာနိုင်မည့်အကျိုးကျေးဇူးများ

ဘာသာရပ်တစ်ခုချင်းစီကို တစ်နေရာထည်းမှာ တစ်စုတစ်စည်းတည်းလေ့လာနိုင်မည်။

ကျွန်တော်တို့ AA Japan မှာ Tokutei နဲ့ပတ်သတ်တဲ့ ဘာသာ ရပ်တွေကို တစ်နေရာတည်းမှာကြိုက်နှစ်သက်ရာ ဘာသာ တွေကို ရွေးချယ်၍တက်ရောက်နိုင်ရန်ကြိုးစားလျှက်ရှိပါသည်။မကြာခင်မှာTokutei 1 gou မှ 2 gou အထိလေ့လာနိုင်တော့မှာဖြစ်ပါသည်။ထို့ကြောင့် ဂျပန်မှာရှိနေသ၍ အသုံးဝင်မည့် Leaning Platform ဖြစ်ပါသည်။

ဘာသာရပ်တစ်ခုကို အချိန် တစ်လပေးရုံဖြင့် လွယ်ကူစွာမှတ်သားနိုင်မည်။


ကျွန်တော်တို့ရဲ့ တိုခုတေးဘာသာရပ်တွေအားလုံးကို လေ့လာချင်သူများအတွက် ဘယ်ဘာသာရပ်ကိုပဲလေ့လာ လေ့လာ မှတ်သားရလွယ်ကူအောင် ဥပမာများနှင့်တကွ ရှင်းလင်းသင်ပြထားတာမို့ အချိန်တိုတိုနဲ့ မြန်မြန်ဆန်ဆန်လေ့လာချင်သူများအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။

အသံပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာQuality များကို ၁၀၀%ဦးစားပေးထားခြင်း

လာရောက်လေ့လာသောကျောင်းသား/သူများအတွက် အသံQuality ၊ Video Quality မကောင်းမွန်ခြင်းကြောင့်စာလေ့လာရာမှာ အနှောက်အယှက်မဖြစ်စေရန်၊ ကျောင်းသားများရဲ့ Energy များကို Waste မဖြစ်စေရန်ရည်ရွယ်ပြီး လာရောက်လေ့လာသူများအတွက် ပေါ့ပါးလွတ်လပ်စွာသင်ယူနိုင်ပြီး၊တစ်ကြိမ်တည်းဖြင့်မှတ်သားရလွယ်ကူစေရန်အတွက် ဗီဒီယိုနဲ့ အသံပိုင်းဆိုင်ရာ Quality များကို ၁၀၀ % အလေးထားဖန်တီးထားပါသည်။

မိတ်ဆက်

Aung Thu

自己紹介

ပညာအရည်အချင်း

  • 2016 မှာ Yadanabon Universityကနေ Bsc.Phys နဲ့ဘွဲ့ရခဲ့ပါသည်။
  • 2017 မှာTokyo ကို Language School ဖြင့်ရောက်ရှိလာခဲ့ပြီး 2019 ခုနှစ်၊ 3လပိုင်းမှာ LS ပြီးမြောက်ခဲ့ပါသည်။
  • 2019ခုနှစ်၊ 4လပိုင်း မှာ Nissan ကားကျောင်းဝင်ခဲ့ပီး 2021ခုနှစ်၊ 3လပိုင်းမှာ ကားLevel 2 နဲ့ Engineer ဘွဲ့ရရှိထားပါသည်။

Japanese language Level

  • 2019 မှာ JLPT N2 အောင်မြင်ထားပါသည်။
  • 2021 မှာ JLPT N1 အောင်မြင်ထားပါသည်။

အလုပ်အကိုင်

  • 2019 မှ 2021 ထိ ကားကျောင်းတက်ရင်း Nissan Car ကမ္ပဏီမှာလုပ်ကိုင်ခဲ့ပါတယ်။
  • 2021 မှ 2023 ထိ Tokyo Truck Car ကမ္ပဏီမှာလုပ်ကိုင်ခဲ့ပါတယ်။
  • 2023 မှလက်ရှိအချိန်ထိကတော့ 人材紹介ကမ္ပဏီမှာ စကားပြန်အဖြစ်လုပ်ကိုင်လျှက်ရှိပါတယ်။

Activity

  • Tokutei ကားပြင်သင်တန်းကို 2021 မှ စတင်သင်ကြားခဲ့ပြီး 2023 ထိ လူအယောက် 1000ကျော်ကို အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့ပါသည်။
  • လက်ရှိမှာတော့ Hino Aung Japanese Vlog အမည်ဖြင့် Facebook Page နဲ့ Youtube Channel တို့မှာ Japan နဲ့ပတ်သတ်တဲ့ ပညာရပ်ဆိုင်ရာ ဗဟုသုတများကို မျှဝေပေးလျှက်ရှိပါသည်။






Zin Thu Aung

自己紹介


မင်္ဂလာပါ။ကျွန်တော်ကတော့ ZIN APEX EDUCATION (Japanese Language Academy)နဲ့ ZIN JAPAN LIFE Youtube Channel တည်ထောင်သူ ဇင်သူအောင် ဖြစ်ပါသည်။

ပညာအရည်အချင်း

  • 2019 မှာ Yadanarbon Universityကနေ Bsc.Math နဲ့ဘွဲ့ရခဲ့ပါသည်။
  • 2020 မှာ Hamamatsu မြို့ ကို Language School ဖြင့်ရောက်ရှိလာခဲ့ပြီး 2022 ခုနှစ်၊ 3လပိုင်းမှာ Hamamatsu Japanese Language Collage မှာဘွဲ့ရရှိခဲ့ပါသည််။
  • 2024ခုနှစ်၊ 4လပိုင်း မှာ Shizuoka Eiwa University မှာ Business Management Major နဲ့ဘွဲ့ရရှိထားပါသည်။

Activity

  • Zin Apex Education (Japanese Language Academy) ဆိုပြီး ဂျပန်နိုင်ငံကို ပညာတော်သင်ကျောင်းသားမိတ်ဆက်၀န်ဆောင်မှုလုပ်ငန်းနဲ့ Education Services အနေနဲ့ဂျပန်စာသင်တန်းများ စသည့်၀န်ဆောင်မှုများကိုလုပ်ကိုင်လျှက်ရှိပါသည်။
  • 人材紹介 Company တွင်လူခန့်အပ်ဌာနတွင်တာ၀န်ထမ်းဆောင်လျက်ရှိပါသည်။
  • Zin Japan Life အမည်ဖြင့် Facebook Page နဲ့ Youtube Channel  များတွင် Content Creation များလုပ်ကိုင်ပြီး Content Creator တစ် ယောက်အနေဖြင့်လုပ်ကိုင်လျှက်ရှိပါသည်။



ဒီသင်ခန်းစာကို ဘယ်လိုလူတွေတက်သင့်တာလဲ?

ဂျပန်မှာ ရေရှည်နေထိုင်ဖို့စဥ်းစားထားသူများ၊ ဂိနိုးဂျိရှူးပြီးဆုံးထားသူများနှင့် မိသားစုခေါ်ဆောင်ကာ ဂျပန်မှာအတူနေ ထိုင်ဖို့ ကြိုးစားနေသူများ အနေဖြင့် ဒီသင်တန်းမှာတက်ရောက်ဖြေဆိုထားသင့်ပါသည်။

ဂိနိုးဂျိရှူးပီးဆုံးထားသူများ၊ လက်ရှိအလုပ်ကနေတစ်ခြားကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းတစ်ခုကိုပြောင်းချင်သူများလည်းတက်ရောက်သင့်ပါသည်။

Curriculum


特定技能自動車整備 

သင်ခန်းစာ ဗီဒီယိုများ



  သင်ခန်းစာများရဲ့ သင်ကြားပုံ နမူကို ကြည့်ကြမယ်
Available in days
days after you enroll
  Section 1 (Tools ကြောင်း)
Available in days
days after you enroll
  Section 2 (測定器အကြောင်း)
Available in days
days after you enroll
  Section 3 (Engine အကြောင်း)
Available in days
days after you enroll
  Section 4 (Body&Breakအကြောင်း)
Available in days
days after you enroll
  ID ယူနည်း နှင့် စာမေးပွဲ Form တင်နည်း
Available in days
days after you enroll


特定技能自動車整備

တိုခုတဲဂိနိုးကားစက်ပြင်သင်ခန်းစာ





Q&A

Q.Japan ကိုTranning visa နဲ့လာခဲ့ ပြီး နှစ်ပြည့်တော့မယ်။ဂျပန်မှာလည်းဆက်ပြီးနေလို့ရအောင်ဘာတွေဆက်လုပ်သင့်လဲ?

 A.နည်းလမ်း၂မျိုးရှိပါတယ်။

 -လက်ရှိအလုပ်မှာပဲ Ginojishu 3 号 နဲ့သက်တမ်း၂နှစ်ထက်တိုးနေခြင်း။

 -မိမိစိတ်ဝင်စားရာ ဘာသာရပ်နဲ့သက်ဆိုင်တဲ့တိုခုတေးလက်မှတ်ယူပီး ကြိုက်နှစ်သက်ရာ ကုမ္ပဏီမှာ ၅နှစ်သက်တမ်းထက်တိုးနေနိုင်ပါတယ်။


Q.လက်ရှိလုပ်နေတဲ့အလုပ်နဲ့ မတူတဲ့ လုပ်ငန်းအမျိုးအစားကိုပြောင်းလို့ရပါသလား?

 A.ဟုတ်ကဲ့ မိမိသွားချင်တဲ့ အလုပ်အမျိုးစားနဲ့ပတ်သတ်တဲ့ စာမေးပွဲကိုဝင်ဖြေပီး၊အောင်ပီဆိုတာနဲ့ပြောင်းလို့ရပါတယ်။


Q.အလုပ်ပြောင်းဖို့ ဘာတွေလိုအပ်လဲ?

 A.မိမိသွာခြင်တဲ့လုပ်ငန်းနဲ့ပတ်သတ်တဲ့ စာမေးပွဲကို အောင်မြင်ထားဖို့လိုအပ်ပါတယ်။


Q.စာတွေက အရမ်းခတ်လား?

 A.စာတွေကအရမ်းမခတ်ပါဘူး။ကျွန်တော်တို့သတ်မှတ်ထားတဲ့ အတိုင်း

 သေချာလေ့လာသွားမယ်ဆို တစ်ကြိမ်ထည်းနဲ့ချက်ခြင်းအောင်နိုင်ပါတယ်။


Q.စာမေးပွဲဖြေဖို့ ဂျပန်စာ level ကရောဘယ်လောက်ရှိမှဖြေလို့ရမှာလဲ?

 A.N4 level လောက်ရှိရင် ဖြေဆိုနိုင်ပါတယ်။


Q.သင်တန်းက မိန်းကလေးရောတက်လို့ရပါသလား?

 A.ဟုတ်ကဲ့။တိုခုတေးနဲ့ပတ်သတ်ပီးစိတ်ဝင်စားသူတိုင်း မည်သူမဆို ဝင်ရောက်ဖြေဆိုထားနိုင်ပါတယ်။


Q.အခုမှ ဂျပန်ရောက်ခါစရှိသေးတယ် တိုခုတေးစာမေးပွဲတွေကြိုဖြေထားလို့ရပါသလား?

 A.ဟုတ်။စာမေးပွဲကို ရောက်ခါစသူများလည်း ကြိုတင်ဖြေဆိုထားနိုင်ပါတယ်။


Q.စာမေးပွဲက ဘယ်လိုဖြေရတာလဲ?စာရွက်နဲ့ရေးဖြေရတာလား?

 A.တော်၂များ၂ဘာသာရပ်တွေက ကွန်ပျူတာနဲ့ ဖြေရတာပါ။ မှား/မှန်, ၂ခုထည်းက ၁ခု ကို ရွေးပေးရတဲ့ ရွေးဖြေဖြေရတာပါ။


Q.အောင်လက်မှတ်တော့ရပီ။သို့သော်အလုပ်ကမပြောင်းရသေးဘူး။အောင်လက်မှတ်က သက်တမ်းဘယ်လောက်ရှိလဲ?

 A.Tokutei အောင်လက်မှတ်က (၁၀)နှစ်သက်တမ်းရှိတာမို့ ဒီအတွင်းမှာ အလုပ်ရတာနဲ့သုံးလို့ရပါတယ်။